Wednesday, January 23, 2013

နေ့ရက်များ(၂၀၀၈ မှ ၂၀၁၂) ကာလတစ်ခုပါဘဲ၊အတွေ့အကြုံသစ်များနဲ့ လူ့ဘ၀က ခါးတယ်၊ အဖေါ်မွန်ကတော့ ရှားတယ်၊ အလုပ်တွေက များတယ်၊ တရားတွေ နှလုံးသွင်း ကုန်ဆုံးနေ့ရက်များ၊ တချို့က သေဆုံးကြတယ်၊ မျှော်လင့်မထားဘဲခွဲခွာ ၊လူ့ဘ၀တိုတောင်းစွာ ဒါနဲ့ဘာများပြန်ရခဲ့ကြပါလဲ၊ သေဆုံးခြင်းတွေ တစ်ယောက်မကကြုံရ ၊ တစ်ချို့ကဆုံးရှုံးနစ်နာ၊ ကုန်ဆုံးနေ့ရက်များစွာအတွက်၊ပေးဆပ်မှုများစွာအတွက်၊ ဘာတွေပြန်ရသလဲဟင်၊ တရားတွေအများကြီးပြကြ၊ အင်း........ တကယ့်လူ့ဘ၀ရဲ့တန်ဘိုးက၊ လောကဓံ ကပေးတဲ့အပေါ်အများရဲ့အကဲဖြတ်မှုလား(ချမ်းသာ၊ဆင်းရဲ၊ချီးမွမ်းကဲ့ရဲ့၊ချွေရံများ၊ချွေရံနည်း)၊ ဒါတွေက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်တရားအသိကို ချေဖျက်သလား၊ ချေဖျက်သေးတယ်ဆို အဲဒါတွေနဲ့ဘဲ နစ်ပေါ့၊ ဒါတွေကိုဆင်ခြင်တွေးလို့ ၊တရားအသိမကင်းကွာဘို့ ကြိုးစားလျက်နေပါတယ်။

3 comments:

Unknown said...

မမို
ဒီတစ်ပုဒ် ရီဒါကနေ ဖတ်ပြီးသား
ခုမှ မှတ်ချက်ရေးရ/တယ်...။
မတွေ့တာလဲ ကြာပြီ ..။
၂၀၀၈ ကနေ အဖော်မွန်စ ရှားတယ် ဆိုလို့ .. ၂၀၀၈ မှာ ညီမ အလုပ်ထွက်လာတာ ဆိုတော့ အဖော်မွန်က ငါများလားပေါ့.. ဟီးဟီး

Unknown said...

ဇော်ဝင်းရှိန် သီချင်း ရိုစီတာမှ မနှင်းဆီ သို့ ဆိုတဲ့ သီချင်း နားထောင်မိတိုင်း မပြုံးပဲ မနေနိုင်အောင်ပါပဲ .. မမိုဆိုရင်းတန်းလန်း ဟင်းအိုး ထကြည့်တော့ ချထားခဲ့တဲ့ မိုက်ကို သမီးနဲ့ ပြည့်စုံ ကောက်ဆိုကြတယ် ။ စကားပြောနေရာမှာ မသိပဲ သံစဉ်တွေနဲ့ ရအောင်ဆိုနေတာလေ .. ဟားဟား
(ကိုညီ့ မေးလ်နဲ့ ဝင်ပြီးသား ပြင်ရမှာ ပျင်းလို့ :P )

Unknown said...
This comment has been removed by the author.