Wednesday, January 23, 2013

နေ့ရက်များ(၂၀၀၈ မှ ၂၀၁၂) ကာလတစ်ခုပါဘဲ၊အတွေ့အကြုံသစ်များနဲ့ လူ့ဘ၀က ခါးတယ်၊ အဖေါ်မွန်ကတော့ ရှားတယ်၊ အလုပ်တွေက များတယ်၊ တရားတွေ နှလုံးသွင်း ကုန်ဆုံးနေ့ရက်များ၊ တချို့က သေဆုံးကြတယ်၊ မျှော်လင့်မထားဘဲခွဲခွာ ၊လူ့ဘ၀တိုတောင်းစွာ ဒါနဲ့ဘာများပြန်ရခဲ့ကြပါလဲ၊ သေဆုံးခြင်းတွေ တစ်ယောက်မကကြုံရ ၊ တစ်ချို့ကဆုံးရှုံးနစ်နာ၊ ကုန်ဆုံးနေ့ရက်များစွာအတွက်၊ပေးဆပ်မှုများစွာအတွက်၊ ဘာတွေပြန်ရသလဲဟင်၊ တရားတွေအများကြီးပြကြ၊ အင်း........ တကယ့်လူ့ဘ၀ရဲ့တန်ဘိုးက၊ လောကဓံ ကပေးတဲ့အပေါ်အများရဲ့အကဲဖြတ်မှုလား(ချမ်းသာ၊ဆင်းရဲ၊ချီးမွမ်းကဲ့ရဲ့၊ချွေရံများ၊ချွေရံနည်း)၊ ဒါတွေက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်တရားအသိကို ချေဖျက်သလား၊ ချေဖျက်သေးတယ်ဆို အဲဒါတွေနဲ့ဘဲ နစ်ပေါ့၊ ဒါတွေကိုဆင်ခြင်တွေးလို့ ၊တရားအသိမကင်းကွာဘို့ ကြိုးစားလျက်နေပါတယ်။