Tuesday, January 27, 2009

သူငယ်ချင်း

သူငယ်ချင်း
ငယ်ငယ်ကသူငယ်ချင်းတစ်ယောက်ကိုသတိရသည်
အထက်တန်းမတက်ခင်ကအလယ်တန်းကျောင်းသူဘ၀ကပါ
သူနဲ့ကွဲသွားကြတာကြာပြီ
သူမနေမကောင်းတာကိုသိသည်
သူမနဲ့ပတ်သက်တာတွေသတိရစရာတွေအများကြီးဘဲ
ဒါပေမဲ့သူမကိုမေ့ထားခဲသည်
သူ့နာမည်က မာမာ တဲ့
သူမကဆံပင်ရှည်သည်
အရပ်ရှည်သည်
ကိုယ်လုံးလှသည်၊ငရံ့ကိုယ်လုံးဆိုတာမျိုး
ကိုယ်ကတော့အရပ်ပုပု၊နဲနဲဝသေးသည်
ငယ်ငယ်က၀၀လေးဆိုပါတော့
ဆံပင်ကတော့သူမလိုပင်ရှည်သည်
ကိုယ်က မာမာ့လောက်မပေါ်လွင်ပါ
မာမာကလမ်းသွားလျှင်လူတွေငေးကြည့်ရသည့်ကောင်မလေးပေါ့
ကိုယ်ကတော့ အဲ သက်သက်ညှာညှာပြောရလျှင်
မာမာ့ကိုကြည့်ပြိးသူများကဘေးသို့မျက်လုံးဝေ့လိုက်လျှင်
ဘေးကပုပုသေးသေးကောင်မလေးကိုလူတွေတွေ့နိုင်သည်
အသေအချာထပ်ကြည့်လျှင်တော့
ပုပုကောင်မလေးရဲ့မျက်လုံးနက်နက်ဝိုင်းဝိုင်းကလေးတွေကိုသတိပြုမိနိုင်သည်
မာမာ ကိုကိုယ်ကပြန်လည်တွဲခွင့်၇သောကာလသည်
တက္ကသိုလ်ရောက်ပြီပေါ့
မာမာနဲံလမ်းတွဲလျှောက်ရင်းအရယ်သန်သောကိုယ်
ရယ်စရာပြောတတ်သောမာမာတို့
သိပ်ပျော်စရာကောင်းတာဘဲ
အဲဒီတုန်းကလေ
မာမာ နဘေးမှာရှိနေလျှင် ကိုယ်က အားရှိနေတာပါဘဲ
မာမာ နဲ့ငယ်ငယ်ကအကြောင်းတွေပြန်ပြောခွင့်ရသောကာလများပေါ့
မာမာ က ပြောချင်လျှင်အားမနာတတ် ပြောတတ်သလိုပြောတာ
အဲဒါကိုက သိပ်ခင်စရာကောင်းနေတာပါဘဲ
မာမာ ကိုလူတွေသိပ်ပြီးဝိုင်းကြည့်လျှင်တော့
ကိုယ်စိတ်ညစ်လာသည်
မာမာ့ရဲ့ ဘယ်ဘက်လက် ကလေ
ဆယ်တန်းကျောင်းသူဘ၀ကထဲက
မြို့ပတ်ရထားစီးရင်းရထားကြိတ်ခံခဲ့ရသည်
မာမာ့ရဲ့ဘယ်ဘက်လက်ကလေ တက္ကသိုလ်တက်ချိန်မှာ
လက်တုတပ်ထားရတာပါ
မာမာ့ရဲ့အလှနှင့်ဘယ်ဘက်လက်ကလူတွေရဲ့မျက်လုံးကိုဖမ်းစားနေတတ်တယ်လေ
အဲဒါကို ကိုယ်အမြဲစိတ်ညစ်ခဲ့ရတယ်
မာမာက တော့ လောကကိုအံတုချင်သောစိတ်နှင့်
အမြဲပြုံးနေခဲ့တာ
အဲဒီတုန်းကသူ့စိတ်ထဲဘာတွေရှိမှာလဲမှန်းဆရခက်သည်
သူ့ကိုကောင်လေးတွေက၀ိုင်းလည်အောင်ကြိုက်ကြတယ်
အဲဒီကထဲက ကိုယ်ကလူကြီးတစ်ယောက်လို
တွေးဘူးခဲံ့သည်
ဒါတွေဟာထာဝရဖြစ်ပါမလား
မာမာကပုံပြင်တစ်ပုဒ်လိုကျြော်ဲကားပြီးလူတွေစိတ်ဝင်စားနေကြဆဲကာလမှာ
ဟီးရိုးလုပ်ချင်ကြတာလား
ကိုယ်ကငယ်သေးပေမဲ့အဲသလောက်တော့တွေးမိတာဘဲ
သို့သော်မာမာ့ကိုတော့မပြောဖြစ်ခဲ့ပါ
ခုတော့လေ
မာမာနဲ့မတွေ့ဖြစ်တော့ဘူး
မာမာနဲ့ပတ်သက်တာတွေအများကြီးပါဘဲ
ဒါတွေကိုပြန်မပြောလိုတော့ပါဘူး
သူနဲ့လူကြီးချင်းလဲခင်ကြတယ်
တလောကတော့ မာမာ့ အိမ်ကိုဖုန်းဆက်တော့
အန်တီနဲ့တွေ့ပါတယ်
အန်တီက မာမာကိုဖုန်းပြောမလားမေးကြည့်မယ်တဲံ
ပြီးတော့ မာမာရေ
ဆိုပြီးကိုယ့်ရဲ့ငယ်နာမည်ကိုခေါ်ပြီးဖုန်းပြောမယ်ပြောတယ်
လို့အော်လိုက်တယ်
ကိုယ်ကလေ
ဖုန်းကိုကိုင်ထားရင်း
သူနေကောင်းပါစေ၊စကားပြောနိုင်ပါစေလို့ဆုတောင်းရင်း
မာမာ့အသံကိုမျှော်နေမိတယ်
ကိုယ့်ရဲ့ငယ်သူငယ်ချင်းလေးရဲ့အသံကိုလေ
ဒါပေမဲ့ ခနနေတော့
အန်တီရဲံအသံပေါ်လာပြီး
သမီးရေမာမာ က မပြောဘူးတဲ့၊မပြောချင်ဘူးတဲ့
တကယ်လို့စာဖတ်သူက ကိုယ်ဆိုရင်လေ
ဘယ်လိုခံစားရမလဲဟင်
ကိုယ်ကရောဘယ်လိုခံစားရသလဲဆိုတာသိချင်ပါသလား
သိချင်ရင်
မေးနိုင်ပါတယ်
message ထားခဲ့ပါ
မာမာ နေမကောင်းဘူးထင်ပါတယ်



ို