Tuesday, November 13, 2007

၅၂၈နှင်.၁၅၀၀


မေတ္တ္တာဆိုတာပွားများရတဲ.အရာပါ။

၅၂၈သွယ်သောမေတ္တာပွားနည်းဆိုတာ
ပဋိသမ္ဘိဒါမဂ်ပါဋ္ဌိတော်မှာပါရှိပါတယ်။
ဖေါ်ပြခဲ.တဲ.မေတ္တာပွားပုံလေးမျိုးကို
ရည်ရွယ်ပြီးပွားတဲ.အခါ
ပုဂ္ဂိုလ်(၁၂)မျိုးရှိပါတယ်။
အဲဒါက
ရည်မှန်းပိုင်းခြားပြီးပို.တဲ.သြဒိသ(၅)မျိုးနဲ.
မရည်မှန်းမပိုင်းခြားဘဲပို.တဲ.
အနောဒိသ(၇)မျိုး
ပေါင်း(၁၂)မျိုးပါ။
သြဒိသ(၅)မျိုးက-
(၁)သဗ္ဗေသတ္တာ=အလုံးစုံသောသတ္တ၀ါတွေ
(၂)သဗ္ဗေပါဏာ=အလုံးစုံသောအသက်ရှိုသောသတ္တ၀ါတွေ
(၃)သဗ္ဗေဘူတာ=အလုံးစုံသောကိုယ်ထင်ရှားရှိသောသတ္တ၀ါတွေ
(၄)သဗ္ဗေဘူတာ=အလုံးစုံသောကိုယ်ခန္ဓာရှိသောသတ္တ၀ါတွေ
(၅)သဗ္ဗေဘူတာ=အလုံးစုံသောပုဂ္ဂိုလ်တွေ

အနောဒိသ(၇)မျိုးက-
(၁)သဗ္ဗေဣိတ္ထိယော=အလုံးစုံသောမိန်းမတွေ
(၂)သဗ္ဗေပုရိသော=အလုံးစုံသောယောင်္ကျားတွေ
(၃)သဗ္ဗေအရိယာ=အလုံးစုံသောအရိယာပုဂ္ဂိုလ်တွေ
(၄)သဗ္ဗေအနရိယာ=အလုံးစုံသောပုထုစဉ်တွေ
(၅)သဗ္ဗေဒေ၀ါ=အလုံးစုံသောနတ်တွေ
(၆)သဗ္ဗေမနုဿာ=အလုံးစုံသောလူတွေ
(၇)သဗ္ဗေ၀ိနိပါတာ=အလုံးစုံသောအပါယ်ဘုံသားတွေ
တစ်မျိုးခြင်းစီကိုမေတ္တာပို.တိုင်းလေးမျိုးပွားရပါတယ်။
ပုဂ္ဂိုလ်၁၂မျိုးနဲ.မြှောက်တော.၄၈ရပါတယ်။
အရပ်၁၀မျက်နှာမှာရှိကြတဲ.ပုဂ္ဂိုလ်၁၂မျိုးကို
ရည်ရွယ်တာဖြစ်လို.
အရပ်၁၀မျက်နှာနဲ.မြှောက်တော.
၄၈၀ရပါတယ်။တစ်ခုလောက်နမူနာပွားကြည်.ရအောင်
အရှေ.အရပ်၌ရှိသော အလုံးစုံသောသတ္တ၀ါတွေ
စိတ်ဆင်းရဲခြင်းကင်းပါစေ၊
အရှေ.အရပ်၌ရှိသောအလုံးစုံသောသတ္တ၀ါတွေ
ဘေးရန်ကင်းပါစေ၊
အရှေ.အရပ်၌ရှိသောအလုံးစုံသောသတ္တ၀ါတွေ
ကိုယ်ဆင်းရဲခြင်းကင်းပါစေ၊
အရှေ.အရပ်၌ရှိသော အလုံးစုံသောသတ္တ၀ါတွေ
မိမိကိုယ်ကိုချမ်းသာစွာဖြင်.စောင်.ရှောက်နိုင်ပါစေ၊
အရပ် ၁၀ပါး x ပုဂ္ဂိုလ် ၁၂ပါး x ပွားပုံ ၄မျိုး = ၄၈၀
ပြီးတော.
မိမိကိုယ်ကိုလည်းပို.ရမှာဖြစ်တဲ.အတွက်

ပုဂ္ဂိုလ် ၁၂ ပါး x ပွားပုံ ၄ မျိုး = ၄၈
စုစုပေါင်း = ၅၂၈ ဖြစ်ပါတယ်။
ဒါကြောင်.၅၂၈ ဟာမေတ္တာစစ်မေတ္တာမှန်ဖြစ်ပါတယ်။
၁၅၀၀ကတော.ကိလေသာသက်သက်ပါ။
၁၅၀၀ဆိုပြီးဖြစ်လာရတာကတော.
ကိလေသာ ၁၀ ပါးကြောင်.ပါဘဲ။
ကိလေသာ ၁၀ ပါး က
လောဘ၊ဒေါသ၊မောဟ၊မာန၊
ဒိဌိ၊၀ိစီကိစ္ဆ၊ထိန၊ဥဒ္ဒစ္စ၊အဟိရိက၊
အနောတ္တပ္ပတို.ဘဲဖြစ်ပါတယ်။
သူတို.ကဘယ်ပေါ်မှာကပ်ငြိတာလဲဆိုတော.
စိတ်နဲ.ရုပ်ပေါ်ကပ်ငြိပါတယ်။
အချက်နဲ.ခွဲပြီးပြောရရင်
စိတ်=၁ပါး စေတသိက်=၅၂ပါး နိဖ္ပန္နရုပ်=၁၈ပါး လက္ခဏာရုပ် = ၄ ပါး
------------ စုစုပေါင်း = ၇၅ ပါး ဖြစ်ပါတယ်။
တစ်ခါ မိမိရဲ.ကိုယ်တွင်း၌ဖြစ်သော
အဇ္ဈတ္တနဲ.
မိမိကိုယ်ပြင်ပ၌ဖြစ်သော
ဗဟိဒ္ဒဆိုပြီး
နှစ်မျိုးထပ်ခွဲပြန်တဲ.အတွက်
၇၅x၂=၁၅၀ဖြစ်ပါတယ်။

အဲဒီ၁၅၀ပေါ်မှာ
ကိလေသာ၁၀ပါးကပ်ငြိတဲ.အတွက်
၁၅၀x၁၀=၁၅၀၀ ဆိုပြီးဖြစ်ပါတယ်။

၅၂၈နဲ.၁၅၀၀



၅၂၈နဲ.၁၅၀၀ဘယ်လိုကွာတာလဲ

၅၂၈ကတော.မေတ္တာသက်သက်လို.ဘဲဆိုချင်ပါတယ်။တဏှာ၊ရာဂ၊လိုချင်တပ်မက်ခြင်းကင်းတဲ.အရာပေါ.။မေတ္တာကိုသည်လိုဖွင်.ဆိုပါတယ်။ မေတ္တာဆိုသည်မှာအကျိုးစီးပွားကိုပြုလိုသောအားဖြင်.ချစ်တတ်သောကြောင်.မေတ္တာမည်၏”

မေတ္တာဆိုတာပွားများရတဲ.အရာပါ။ပွားများပုံလေးမျိုးက-

စိတ်ဆင်းရဲခြင်းကင်းပါစေ၊

ဘေးရန်ကင်းပါစေ၊

ကိုယ်ဆင်းရဲခြင်းကင်းပါစေ၊

မိမိကိုယ်ကိုချမ်းသာစွာဖြင်.စောင်.ရှောက်နိုင်ပါစေ။